မိုးရွာရင် မိုးရေချိုးမယ်
===============
အိန္ဒိယက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်။
တရုတ်သံအမတ်ကြီးနဲ့တွေ့တယ်။
ဆာဆာကာဝါနဲ့တွေ့တယ်။
ဘကုန်းကနယ်ခြားစောင့်ညွှန်ချုပ်နဲ့တွေ့တယ်။
အဲ့ဒီတွေ့ဆုံခြင်းတွေရဲ့ လားရာဟာ ဘာပါလိမ့်?
အဲ့ဒီလားရာဟာ
" ၂၀၂၃ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မည်" ဆိုတဲ့
အန္တိမပန်းတိုင်ကို ရည်ညွန်းပါတယ်။
အိန္ဒိယနိုင်ငံဟာ နစက အစိုးရ တက်လာတဲ့အချိန်ကစပြီး
နစကအစိုးရကို ထောက်ခံခဲ့တဲ့နိုင်ငံပါ။
အထူးသဖြင့် ၂၀၂၃ရွေးကောက်ပွဲ အောင်မြင်ရေးအတွက်
အဓိကအကူညီပေးနေပါတယ်။
တရုတ်သမ္မတ ရှီဟာ သမ္မတရာထူးကို တတိယအကြိမ်ရ
ယူပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့
အကောင်းမြင်သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်
အခု သူ့ရဲ့ သဘောထားအောင်မြင်ရေးအတွက် ကနဦးခြေ
လှမ်းအဖြစ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကို ဦးစား ပေးပြီးဆောင်ရွက်မယ်လို့ဆိုပါတယ်။
နယ်စပ်ဒေသလို့ပြောရင် KIA ၊UWSA၊MNDAA၊TNLA
နဲ့ AA ကိုပြေးမြင်ကြမှာပါ။
လက်ရှိအနေအထားအရ AA ကအပစ်အခတ်ရပ်စဲရေး
လုပ်ပြီလို့ဆိုပါတယ်၊
ဒါဆိုရင် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကို လုပ်နိုင်ပါပြီ။
UWSA ၊ MNDAA နဲ့ TNLA လည်းငြိမ်မယ်ဆိုရင် ရှမ်း
မြောက်မှာလည်း လုပ်နိုင်မှာပါ။
KIA အနေနဲ့လည်း အကျိုးဆောင်တွေကတဆင့် နစကနဲ့
ဆက်သွယ်နေတယ်ဆိုတော့ ကချင်ပြည်နယ်လည်း လုပ်
နိုင်မယ်လို့ယူဆပါတယ်။
မအူမလယ်နဲ့ ဟိုမရောက်ဒီမရောက် ကျန်နိုင်တာကတော့
စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲက နယ်မြေတစ်ချို့ကျန်နိုင်
ပါတယ်။
အဲ့ဒီ ကိစ္စကိုတော့ ဆာဆာကာဝါက ဖြေရှင်းနိုင်မယ်ထင်ပါ
တယ်။
ဘာကြောင့်လဲဆိုတော့
၂၀၂၀ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့တာဟာ
ဆာဆာကာဝါရဲ့ အရည်အချင်း တစ်စိတ်တစ်ပိုင်းကြောင့်
ပါ။
ဒါဆိုရင်
ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ NUG
PDF နဲ့ အာဆီယံကို ဘယ်လိုရှင်းမလဲလို့ မေးစရာရှိပါ
တယ်။
တရုတ်ကြီးက မီးစိမ်းပြလိုက်တဲ့အတွက် အာဆီယံနိုင်ငံ
တွေ အသံတိတ်သွားမှာပါ။
အာဆီယံအသံတိတ်သွားရင် NUG ရဲ့ အသံလည်းတိုး
သွားမှာပါ။
လုံးဝ အသံတိတ်သွားအောင်လုပ်တဲ့နည်းကတော့
ပထမဆုံး DASSK ကို တရားစွဲထားတဲ့အမှုတွေ စီရင်ချက်
ချပြီးရင် DASSK ကို လွတ်ငြိမ်းပေးခြင်း၊
နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေ အသစ်ပြန်လည်ရေး
ဆွဲပြီးရင် NLD ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်စေခြင်း။
(NLDပါတီမှ မှတ်ပုံတင်တာမလုပ်ခဲ့ရင်တော့NLDပါတီ ဟာ အလိုအလျောက် ဖျက်သိမ်းပြီးသားဖြစ်သွားမှာပါ)
မကြာမီ အချိန်အတွင်း
မြန်မာနိုင်ငံတစ်ဝှမ်းတွင် အေးချမ်းရေးမိုး၊ငြိမ်းချမ်းရေးမိုး
ကြီး ရွာပါတော့မယ်။
ဒီတစ်ခါရွာတဲ့ မိုးကို ချိုးဖြစ်အောင် ချိုးကြပါ။
(ဆီမီးအိမ်) N.S.. 001
27 -11- 2022
ထပ်ဆင့်မျှဝေသူ
ဗကနိုင်လင်း
ရန်ကုန်တိုင်းပြန်ကြားရေးတာဝန်ခံ
သတင်းမှန်ပြန်ကြားရေးတာဝန်
သတင်းနဲ့လုံခြုံရေးအေးဂျင့်
သတင်းနဲ့လုံခြုံရေးအေဂျင်စီ




Comments
Post a Comment