ပါတီထောင်ဖို့ လွယ်သလား? =================== အရင်ကတော့ ၁၅ ဦးရှိရင် ပါတီထောင်လို့ရတယ်။ ငွေရှိရင် ဆွေတော်တစ်သောင်း မျိုးတော်တစ်သောင်းကို ပါတီဝင်အဖြစ်ဖွဲ့စည်းလို့ရတယ်။ ပါတီထောင်ရင် ဘာအခွင့်အရေးတွေရသလဲ? အရင်ဆုံး ကိုယ့်ပါတီဝင်တွေက ဥက္ကဋ္ဌကြီးလို့ ခေါ်တဲ့အသံ ကို ကြားရမယ်။ နိုင်ငံရေးကို နည်းနည်းပါးပါး နားလည်ပြီး လူ့အခွင့်အရေး အကြောင်းတို့ ၊ တပ်မတော်မကောင်းကြောင်းတို့ကို ခပ် စွာစွာပြောတတ်မယ်ဆိုရင် မီဒီယာတွေက ဗျူးပြီးလိုင်း ပေါ် တင်တာခံရမယ်။ ၆၂ တို့ ၇၄ တို့ ၈၈ တို့မှာပါဘူးပြီး ထောင်ကျဖူးတယ်ဆို ရင်တော့ အဲ့ဒီ ဥက္ကဌနဲ့ အဲ့ဒီပါတီက ပေါက်သွားပြီ။ ပေါက်သွားရင် NCA ၊ UECအစည်းအဝေးတွေနဲ့ နိုင်ငံ တော်အခမ်းအနားတွေကို တက်ခွင့်ရသွားပြီ။ ကံကောင်းလို့ ဦးသိန်းစိန်တို့၊DASSK တို့၊တပ်ချုပ်ကြီးတို့ နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရမယ်၊ အိုဘားမားတို့၊ဟီလာရီ ကလင်တန်တို့နဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရမယ်ဆိုရင်တော့ အဲ့ဒီ ဓာတ်ပုံကို မှန်ဘောင်သွင်းပြီး ဧည့်ခန်းမှာ ချိတ်ထားခွင့် ရမယ်။ တပ်မတော်ကို ဆန့်ကျင်တဲ့ ပါတီဆိုရင် ၂၅%လျော့သင့် ပြီ၊ကာလုံမလိုဘူးတို့ကို လေသံခပ်ကျယ်ကျယ်ပြောတာ ကိုလုပ်တတ်ရင်ရပြီ။ တပ်မတော်ကို ထောက်ခံတဲ့ပါတီဆိုရင်တော့...