Skip to main content

Posts

Showing posts from January, 2023

ပါတီထောင်ဖို့ လွယ်သလား?

ပါတီထောင်ဖို့ လွယ်သလား? =================== အရင်ကတော့ ၁၅ ဦးရှိရင် ပါတီထောင်လို့ရတယ်။ ငွေရှိရင် ဆွေတော်တစ်သောင်း မျိုးတော်တစ်သောင်းကို ပါတီဝင်အဖြစ်ဖွဲ့စည်းလို့ရတယ်။ ပါတီထောင်ရင် ဘာအခွင့်အရေးတွေရသလဲ? အရင်ဆုံး ကိုယ့်ပါတီဝင်တွေက ဥက္ကဋ္ဌကြီးလို့ ခေါ်တဲ့အသံ ကို ကြားရမယ်။ နိုင်ငံရေးကို နည်းနည်းပါးပါး နားလည်ပြီး လူ့အခွင့်အရေး  အကြောင်းတို့ ၊ တပ်မတော်မကောင်းကြောင်းတို့ကို ခပ် စွာစွာပြောတတ်မယ်ဆိုရင် မီဒီယာတွေက ဗျူးပြီးလိုင်း ပေါ် တင်တာခံရမယ်။ ၆၂ တို့ ၇၄ တို့ ၈၈ တို့မှာပါဘူးပြီး ထောင်ကျဖူးတယ်ဆို ရင်တော့ အဲ့ဒီ ဥက္ကဌနဲ့ အဲ့ဒီပါတီက ပေါက်သွားပြီ။ ပေါက်သွားရင် NCA ၊ UECအစည်းအဝေးတွေနဲ့ နိုင်ငံ တော်အခမ်းအနားတွေကို တက်ခွင့်ရသွားပြီ။ ကံကောင်းလို့ ဦးသိန်းစိန်တို့၊DASSK တို့၊တပ်ချုပ်ကြီးတို့ နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရမယ်၊ အိုဘားမားတို့၊ဟီလာရီ ကလင်တန်တို့နဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရမယ်ဆိုရင်တော့ အဲ့ဒီ ဓာတ်ပုံကို မှန်ဘောင်သွင်းပြီး ဧည့်ခန်းမှာ ချိတ်ထားခွင့် ရမယ်။ တပ်မတော်ကို ဆန့်ကျင်တဲ့ ပါတီဆိုရင် ၂၅%လျော့သင့် ပြီ၊ကာလုံမလိုဘူးတို့ကို လေသံခပ်ကျယ်ကျယ်ပြောတာ ကိုလုပ်တတ်ရင်ရပြီ။ တပ်မတော်ကို ထောက်ခံတဲ့ပါတီဆိုရင်တော့...
 ကိုယ်ကျိုးစီးပွား =========== အမေရိကန်ကို တရားမဝင်မလာဘို့ လာရင်ဥပဒေအရ အရေးယူခံရမယ်လို့ ဂျိုးဘိုင်ဒင်က ပြောတယ်။ UK ကလည်း သူ့နိုင်ငံထဲခိုးဝင်လာသူတွေကို လက်မခံဘဲ ရဝမ်ဒါနိုင်ငံကို ပို့ဆောင်ဖို့လုပ်နေတယ်။ US နဲ့ UK ဟာ သူ့နိုင်ငံထဲကို တရားမဝင် ဝင်မလာကြဖို့ ပြောနေသော်လည်း ၊ ဘင်တွေကို ကျွန်တော်တို့နိုင်ငံမှာ လက်ခံဖို့အတွက် တပ်မတော်ကို တရားစွဲတာ၊ စီးပွားရေး ပိတ်ဆို့တာအစရှိတဲ့ နည်းလမ်း မျိုးစုံကိုသုံးပြီး ဖိအားပေး နေကြတယ်။ အလားတူပါဘဲ တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်မှာ ဝီဂါလူမျိုးတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းတာတွေ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ အတင်းအားဓမ္မ အလုပ်စေ ခိုင်းတာတွေကို တွေ့ရှိရတယ်လို့ လူ့အခွင့်အရေးကောင်စီ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရတယ်။ ဒါပေမယ့် တရုတ်သံအမတ်က ဘင်တွေကို လက်ခံပေးဖို့ နစက အစိုးရကို နားချမယ်လို့ ဆိုနေပြန်တယ်။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက အမေရိကန်လို ၊ ဗြိတိန်လို ၊ တရုတ်လို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တရားမဝင်ခိုးဝင်လာသူတွေကို လက်မခံနိုင် ပါဘူးလို့ အော်ကြီးဟစ်ကျယ် ငြင်းဆန်နေကြတဲ့အချိန်မှာ NUG အစိုးရကတော့ ဘင်တွေကို နေရပ်ပြန်ခွင့်နဲ့ နိုင်င...
 Jan 1 Mdy  အမျိုးသမီးနှစ်ဦးအပါအဝင် မန္တလေး MYF PDF နှင့် ဝက်လက် PDF ၁၆ ဦးအား ဖမ်းမိ နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ် ဖောက်ခွဲရန်စီစဥ်နေသည့် မန္တလေး MYF PDF (Mandalay Young Force) နှင့် ဝက်လက် PDF အဖွဲ့တို့မှ အမျိုးသမီးနှစ်ဦးအပါအဝင် PDF ၁၆ ဦးကို ဖမ်းမိသည်ဟု SAC က ထုတ်ပြန်သည်။ ဖြစ်စဥ်မှာ ပြည်သူများသတင်းပေးပို့မှုအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ကျော်မင်းခန့်၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်း၌ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အာရှဘဏ်လမ်းနှင့် သံလမ်းဆုံအနီးတွင် ယမင်းကိုအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၃ × ၆၂ လမ်းဆုံအနီးတွင် ဝက်လက် PDF အဖွဲ့ဝင်များဖြစ်သော အောင်ထက်ကျော် (ခ)တိုက်ဂါးနှင့် ရဲသူစံတို့ကို ဖမ်းမိခဲ့သည်။ အလားတူ ဖမ်းမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်း၌...
 #ဒူးနာ..ခါးနာ ရောဂါသည်များ..သိမ်းထားပါရန်.... ဒူးနာ ခါးနာ ရောဂါသည်များ အတွက် ထာဝရမှတ်ယူထားသင့်တဲ့ အစွမ်းထက်တဲ့..သဘာဝ ဆေးနည်း (၈) မျိုး ~~~~~~~~~~~~ ဒူးနာ ခါးနာ၍  ဆေးခန်းပြသော်လည်း မသက်သာပဲ  ဆေးမတိုးဘဲ  ရှိနေသူတွေ သဘာ၀ ဆေးနည်းများကို အသုံးပြု ချင်သူတွေ တောင်းဆိုလာသူများ အတွက် ဒူးနာ ခါးနာ သဘာဝ ဆေးနည်း (၈) မျိုးကို စုစည်း၍ ပေါင်းစုပြီး  မျှဝေ ပေးလိုက်ပါတယ်။ ~~~~~~~ ဆေးနည်း (၁) ~~~~~~~ လေဖြတ် လေငန်း  လေးဘက်နာ  ခါးနာ ဒူးနာ ရောဂါများသည်များ ဖီးကြမ်း ငှက်ပျောသီး  အမှည့်ကို ဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့်  လုံအောင်လိပ်ကာ (၅) နာရီခန့် ပြုတ်၍ တစ်နေ့သုံးလုံးစီ  (၅) ရက်ဆက်တိုက် စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ  ခါးနာ ဒူးနာ နာတာရှည်ရောဂါများ  ပျောက်ကင်းပါသည်။ ပြုလုပ်ပုံလွယ်ကူ၍  အကုန်အကျ နည်းကာ အစွမ်းထက်  သက်စောင့်ဆေးအား မှီဝဲကြပါကုန် ။ #(ဝိစိတ္တရတနာမြေ) ~~~~~~~ ဆေးနည်း (၂) ~~~~~~~ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်း ဒူးနာရောဂါ၊  ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင်...