Skip to main content

 #ဒူးနာ..ခါးနာ ရောဂါသည်များ..သိမ်းထားပါရန်....


ဒူးနာ ခါးနာ ရောဂါသည်များ အတွက် ထာဝရမှတ်ယူထားသင့်တဲ့ အစွမ်းထက်တဲ့..သဘာဝ ဆေးနည်း (၈) မျိုး

~~~~~~~~~~~~


ဒူးနာ ခါးနာ၍ 

ဆေးခန်းပြသော်လည်း

မသက်သာပဲ 

ဆေးမတိုးဘဲ 

ရှိနေသူတွေ

သဘာ၀ ဆေးနည်းများကို

အသုံးပြု ချင်သူတွေ

တောင်းဆိုလာသူများ အတွက်

ဒူးနာ ခါးနာ

သဘာဝ ဆေးနည်း (၈) မျိုးကို

စုစည်း၍ ပေါင်းစုပြီး 

မျှဝေ ပေးလိုက်ပါတယ်။


~~~~~~~

ဆေးနည်း (၁)

~~~~~~~

လေဖြတ် လေငန်း 

လေးဘက်နာ 

ခါးနာ ဒူးနာ

ရောဂါများသည်များ


ဖီးကြမ်း ငှက်ပျောသီး 

အမှည့်ကို

ဖင်ဖြတ် ခေါင်းဖြတ်၍

သက်ရင်းကြီးရွက်နှင့် 

လုံအောင်လိပ်ကာ

(၅) နာရီခန့် ပြုတ်၍

တစ်နေ့သုံးလုံးစီ 

(၅) ရက်ဆက်တိုက်

စားပေးပါက

လေဖြတ်

လေငန်းလေးဘက်နာ 

ခါးနာ ဒူးနာ

နာတာရှည်ရောဂါများ 

ပျောက်ကင်းပါသည်။


ပြုလုပ်ပုံလွယ်ကူ၍ 

အကုန်အကျ နည်းကာ

အစွမ်းထက် 

သက်စောင့်ဆေးအား

မှီဝဲကြပါကုန် ။

#(ဝိစိတ္တရတနာမြေ)


~~~~~~~

ဆေးနည်း (၂)

~~~~~~~


ငါးကြင်းခေါင်းကို

မကြာခဏ ဟင်းချက်စားခြင်း


ဒူးနာရောဂါ၊ 

ဒူးခေါင်းကျီးပေါင်းရောဂါများကို

ပျောက်ကင်းစေနိုင်ကြောင်း

ရှေးကဆေးကျမ်းများတွင် 

ဖတ်ရှုရ၍

လက်တွေ့စမ်းကြည့်ရာ

ဒူးထဲမှ ....

ကုန်ခမ်းနေသော

ရိုးတွင်း ချဉ်ဆီများ အား

ပြန်လည် ပြည့်၀လာ၍

အမှန် တကယ် 

ပျောက်ကင်းခဲ့ပါသည်။


ဆေးရုံ (၃) လလောက်တက်ခဲ့ရတဲ့

အသိတစ်ယောက်

ဒီနည်းနဲ့ ပျောက်သွားပါတယ်။

(၃)ပတ်လောက်

ဒူးနာနေတဲ့ 

ကျနော့်ယောက္ခမလည်း

ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။

#Credit

(တိုင်းရင်းဆေး ဆရာကြီး ဦးကြည်မြင့်လွင်)


~~~~~~~

ဆေးနည်း (၃)

~~~~~~~

ဆေးနည်းကတော့

ဂျင်းတက်နဲ့ မြေဖြူခဲကို

ရောထောင်းပြီး

နာနေတဲ့ဒူးပေါ်ကို

တစ်နေ့ (၂) ကြိမ် လိမ်းပေးပါ။


(၃) ရက်အတွင်း 

သိသာလာမယ်။

တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။

#Credit:(ကိုယ်တွေ့တစ်ဦး)


~~~~~~~

ဆေးနည်း (၄)

~~~~~~~

ခွေးတောက်ရွက်

လက်တစ်ဆုပ်ခန့်ကို

ထုထောင်း၍ ....

အရည်ညှစ်ယူကာ

၄င်းအရည်ဖြင့်

သနပ်ခါးသွေးကာ

ဒူးပေါ်ကို လိမ်းပေးပါ။


မနက်ရေချိုးပြီးတစ်ကြိမ်၊

ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။

တစ်ပတ်ခန့်လိမ်းပေးလျှင်

ဒူးနာသက်သာ 

ပျောက်ကင်းစေမည်။

#Credit: (Mg Naing)


~~~~~~~

ဆေးနည်း (၅)

~~~~~~~

ရှားစောင်းလက်ပပ်

လတ်လတ်ဆတ်လတ်ကို 

ခူးယူ၍....

အပေါ်အခွံကိုခွါပြီး

အတွင်းသားဂျယ်လီကို

ဇွန်းဖြင့်ခြစ်ယူ၍

ကျိုချက်ထားသော

နွားနို့အအေးနှင့် သောက်ပါ။


(၅) ရက်ခန့်သောက်လျှင်

ဒူးနာသက်သာလာမည်။ 

#Credit: (ဒို့မြန်မာဒေါ့ကွမ်း)


~~~~~~~

ဆေးနည်း (၆)

~~~~~~~

ဒူးနာ၊ 

ခါးနာပျေက်ကင်းစေမည့်

သဘာဝဆေးနည်း


(က) သင်္ဘောသီးအစိမ်းတစ်လုံးကို

ထိပ်ပိုင်းနေရာမှ

ကြက်ဥတစ်လုံးစာခန့်

ပိုင်းဖြတ်လိုက်ပါ။

အတွင်းမှ အစေ့များကိုလည်း

မထုတ်ပဲ ထားပါ။


(ခ) ကြက်ဥကို ထည့်လိုက်ပါ။ 

(သဘာ၀ ကြက်ဥ၊ တောကြက်ဥဆိုလျှင်

ပိုကောင်းပါသည်)


(ဂ) ပိုင်းဖြတ်ထားသည့်

အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။

သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။

ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့်

အုပ်ပေးထားနိုင်ပါသည်။


(ဃ) ၄င်းသင်္ဘောသီးကို

မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။

ပျော့အိပြီး အတွင်းမှ

ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။


(င) ပြီးလျှင် အခွံကို ခွါချလိုက်ပြီး

အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။


တစ်ပတ်ကို တစ်ကြိမ်

အနည်းဆုံး (၃)ကြိမ်ခန့်

စားပေးပါက

ဒူးနာ၊ ခါးနာပျောက်ကင်း

သွားပါလိမ့်မယ်။

(အစာလည်းဆေး၊ ဆေးလည်းအစာ)

#Oo Aye


~~~~~~~

ဆေးနည်း (၇)

~~~~~~~

သံပုရာသီးကို 

ထက်ခြမ်းပိုင်း၍

၄င်းသံပုရာခြမ်းဖြင့်

နာနေသည့် ဒူးပေါ်ကို

အရည်များကုန်ခမ်းသည့်အထိ

ညင်သာစွာ ပွတ်တိုက်ပေးပါ။


ပြီးလျှင် ...

(ဆရာခို-အနာလိမ်းဆေး) 

သို့မဟုတ်

ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့်

လိမ်းပေးပြီး (၁၅) မိနစ်ခန့်

အ၀တ်ပါးပါး၊ 

ပတ်တီးစီးထားပါ။


အထူးသဖြင့်

ညအိပ်ခါနီး လိမ်းပေးလျှင်

ပိုထိရောက်ပါတယ်။

တစ်ပတ်ခန့်လိမ်းပေးလျှင်

ဒူးနာ ပျောက်ကင်း စေပါမည်။ 

Credit: (စောနွဲ့နေဆိုင်-ပူတာအို)


~~~~~~~~

ဆေးနည်း (၈)

~~~~~~~~

ဒူးနာ ဒူးနာသူများအတွက် 

ဆေးမြီးတို (နောက်တနည်း)


ခါးနာ ဒူးနာ သူများအတွက် မခက်ပါ .


ဘဲဥ ကိုပွက်နေသော

ရေနွေးအိုးထဲ့ကို (၂) မိနစ်ခန့်ပြုတ်လိုက်ပြီး

ဆယ်ယူလိုက်ပါ ၊

ဆယ်ယူလိုက်သည့် ဘဲဥကို

ပန်းကန်လုံးထဲ့ကို

ဖောက်ထည့်လိုက်ပါ

စားကောင်းစေရန်

သကြား အနည်းငယ်

သင်စားကောင်းစေ လောက်သည့်

အနေအထားသို့ထည့်ပြီး

ခေါက်စား လိုက်ပါ။


တခြား မည်သည်အရာမှ

ရောစပ်ပြီး မစားရပါ

ဘဲဥ တစ်လုံးကိုတော့

ကုန်အောင် စားရပါလိမ့်မည်။


တစ်နေ့လျှင် ဘဲဥ တစ်လုံးကို

ကုန်အောင် စားလိုက်ပါ


ထိုနည်း အတိုင်း

နေ့စဉ် ဘဲဥတစ်လုံးစီ စားသုံးရမည်၊

အနည်းဆုံး မိမိအသက်၏ တ၀က်

အလုံးရေအထိ စားသုံးရမည်၊


ဥပမာ။

အသက် (၄၀)-နှစ်ရှိလျှင်

အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊


(ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။)


ဘဲဥ စားသုံးခြင်းသည်

လိုအပ်သော ခြင်ဆီဓာတ်အတွက်

ပြန်လည် ဖြစ်ပေါ်စေရန် ဖြစ်ပါသည် ။


ထိုကဲ့သို့ စားသုံးခြင်းဖြင့်

ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ

ခန်းခြောက်ခြင်းကို

ပြန်လည်ဖြည့်တင်း ပေးပြီး

ခါးနာ ဒူးနာများ ရောဂါများ သက်သာ

ပျောက်ကင်း သွားပါလိမ့်မည်။

#Credit: (မြန်မာ့ဆေးမြည်းတိုများ)

ထပ်မံမျှဝေသူ

ရဲရင့်


Comments

Popular posts from this blog

အမိမြေသစ္စာသတင်းစုံဂျာနယ် အတွဲ၁ အမှတ်၃ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါရန်။

 

မိုးရွာရင် မိုးရေချိုးမယ်

မိုးရွာရင် မိုးရေချိုးမယ် =============== အိန္ဒိယက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်။ တရုတ်သံအမတ်ကြီးနဲ့တွေ့တယ်။ ဆာဆာကာဝါနဲ့တွေ့တယ်။ ဘကုန်းကနယ်ခြားစောင့်ညွှန်ချုပ်နဲ့တွေ့တယ်။ အဲ့ဒီတွေ့ဆုံခြင်းတွေရဲ့ လားရာဟာ ဘာပါလိမ့်? အဲ့ဒီလားရာဟာ " ၂၀၂၃ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မည်" ဆိုတဲ့ အန္တိမပန်းတိုင်ကို ရည်ညွန်းပါတယ်။ အိန္ဒိယနိုင်ငံဟာ နစက အစိုးရ တက်လာတဲ့အချိန်ကစပြီး နစကအစိုးရကို ထောက်ခံခဲ့တဲ့နိုင်ငံပါ။ အထူးသဖြင့် ၂၀၂၃ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဓိကအကူညီပေးနေပါတယ်။ တရုတ်သမ္မတ ရှီဟာ သမ္မတရာထူးကို တတိယအကြိမ်ရ ယူပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အကောင်းမြင်သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ် အခု သူ့ရဲ့ သဘောထားအောင်မြင်ရေးအတွက် ကနဦးခြေ လှမ်းအဖြစ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကို ဦးစား ပေးပြီးဆောင်ရွက်မယ်လို့ဆိုပါတယ်။ နယ်စပ်ဒေသလို့ပြောရင် KIA ၊UWSA၊MNDAA၊TNLA နဲ့ AA ကိုပြေးမြင်ကြမှာပါ။ လက်ရှိအနေအထားအရ AA ကအပစ်အခတ်ရပ်စဲရေး လုပ်ပြီလို့ဆိုပါတယ်၊ ဒါဆိုရင် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကို လုပ်နိုင်ပါပြီ။ UWSA ၊ MNDAA နဲ့ TNLA လည်းငြိမ်မယ်ဆိုရင် ရှမ်း မြောက်မ...