" သစ္စာနဲ့ချုပ်ပါ "
သစ္စာဓိဋ္ဌာန် ပြုပြီး ဆု့တောင်းကြပါ။
မည်သည့် အကျင့်ကိုပဲ ကျင့်ကျင့်
ဂုဏ်တော်ပဲ ကျင့်ကျင့်
သရဏဂုံ ပဲကျင့်ကျင့်
ပဋ္ဌာန်း ပဲ ရွတ်ရွတ်
ပရိတ် .. ပဲ ရွတ် ရွတ် ..
ဂါထာ မန္တန် တွေ ပဲ ရွတ် ပါစေ ...
သစ္စာ အဓိဋ္ဌာန် ပြု့ ရွတ် ..
သစ္စာ အဓိဋ္ဌာန် နှင့် ချူပ် ..
မိမိ အကျင့်တွေကို စု့စည်းပြီး ..
မိမိ ခန္ဓာ (၅) ပါး မှာ သိမ်းဆည်းထားတက်ပါစေ။
လိုရာ ဆု့ တောင်း လျှင် လည်း
ပြု့ထားသည့် သစ္စာ အဓိဋ္ဌာန် အတိုင်း
သစ္စာ ပြု့ ဆု့တောင်းပါ ။
ထိုအတိုင်း သစ္စာ ပြု့ပြီး အားထုပ်သွားလျှင်
မကြာခင် မှာပဲ .. သိဒ္ဓိမှန်သမျှ တန်ခိုးမှန်သမျှ
ပညာခန်း ပါ အောင် မြင် ပါ လိမ့်မယ် ။
... ဥပမာ အား ဖြင့် ဝေပုလ္လရာမ ဆရာတော် ကြီး
မှ သစ္စာ (၃) ချက် ဖြင့် ဓိဋ္ဌာန် ပြု့ ဆု့တောင်းသည်
ကို နားလည်သဘောပေါက်အောင် ရှင်းပြသည်မှာ .. ဆရာတော်ကြီး သည် မိမိ၏ ဆရာ ဖြစ်သော
ရွှေဥမင် ဆရာတော် ဆရာတော်ဘုရားကြီး ၏ ကျင့်ဆောင်ပုံ ကို ဥပမာ ပေး ၍ ရှင်းပြခဲ့လေသည်။
....ရွှေဥမင် ဆရာတော် ကြီးသည် မဟာမြိုင်တော
ကြီး ၌ တောရ ဆောက်တည်၍ သမ္ဗုဒ္ဓေကျင့်စဉ်
ကို ကျင့်ဆောင်ခဲ့ပါသည်။
ဆရာတော်ဘုရားကြီး သည် သစ်ပင်ကြီး တစ်ပင်
၏ သစ်ခေါင်း အတွင်းဝင် ၍ သမ္ဗုဒ္ဓေ ကျင့်စဉ် ကို
ပြင်းပြင်းထန်ထန် ကျင့်ဆောင်ပါသည်။
တစ်နေ့ သမ္ဗုဒ္ဓေ ဂါထာ တစ်ထောင် ရွတ်၍ ကျင့်
ဆောင်သည်လဲ ရှိခဲ့သည် ။
သုံးထောင်ရွတ်၍ ကျင့်ဆောင်သည်လဲရှိသည်။
ငါးထောင် ရွတ်၍ ကျင့်ဆောင်သည်လဲ ရှိသည်။
ဤသို့ .. ပြင်းပြင်းထန်ထန် ကျင့်ဆောင်ခဲ့ပါသော်
လည်း သိဒ္ဓိမရခဲ့ပေ ။
ခြောက်နှစ် ကျော်၍ (၇)နှစ် အတွင်း သို့ ရောက်လာသည့် အခါ .. ဆရာတော် ကြီး သည် စိတ်
ပျက် လာလေတော့သည်။
" ကျင့်နေလို့ အကြောင်းမထူးဘူး .. ကျင့်စဉ်ကို ရပ် တော့မယ် .. မနက် မုံရွာ ပြန်မယ် ..
မုံရွာ .. မှ မန္တလေး သို့ ကူး ပြီး စာချတော့မယ် "
ဟု့ ဆုံးဖြတ်ချက် ချပြီး သစ်ခေါင်း အတွင်း ဝင်၍
ကျိန်းလေတော့သည် ။
ဤ တွင် ရုက္ခစိုး က အိမ်မက်ပေးပါသည်။
အိမ်မက်ထဲတွင် .. ရုက္ခစိုး က ဆရာတော်အား
" ဆရာတော် .. သမ္ဗုဒ္ဓေ ဂါထာ ချည်းရွတ်နေလို့
သိဒ္ဓိ ပေါက်မှာ မဟုတ်ဘူး ..
ကျင့်ဆောင် ပွားများထားတဲ့ ဂါထာ တွေကို သစ္စာ
နဲ့ ချူပ်မှ သိဒ္ဓိ ပေါက်မှာပေါ့ " ဟု့ ပြောသည်။
ဆရာတော် သည် ရုက္ခစိုး ပြောသည် ကို ကြား
သည့် အခါ တွင် .. မိမိ လုပ်ရမည့် လုပ်ငန်းစဉ် ကို
ချက်ချင်း သဘောပေါက်သွား ပြီး ကျင့်ဆောင်ပွား
များ ထားသည်တို့ကို သစ္စာ နှင့် ချူပ်လေတော့၏ ။
ဤသို့ ကျင့်ဆောင် သဖြင့် (၇) နှစ် ပြည့်သောနေ့
တွင် ဆရာတော် သိဒ္ဓိ ပေါက်ပါသည်။
တောစောင့်နတ် တောင်စောင့်နတ် တို့သည် ဝမ်း
မြောက်ဝမ်းသာ ဖြစ်ကြပြီး ဆရာတော် ကြီးအား
ဓမ္မသိဒ္ဓိ ပါရဂူ ဘွဲ့ ကို ပေး ကြလေသည်။
... ဤတွင် .. သစ္စာနှင့်ချူပ်ပုံ ကို နားလည်သဘော
ပေါက် ဖို့ လိုပါသည် ။
ဝေပုလ္လရာမဆရာတော် ဘုရားကြီး က..
ရွတ်ဆိုထားသော ဂါထာ ပုတီး ပတ်ရေ များကို သစ္စာ နှင့် ချူပ်ရာတွင် သစ္စာ (၃) ချက် နှင့် ချူပ်ရ
သည် ဟု့ ဆိုပါသည် ။
ဥပမာ ဆိုရသော် ..
ပုတီးပတ်ရေ (၂၇) ပတ်စိပ်မည် ဓိဋ္ဌာန်ပါက၎င်း
ဂါထာ မန္တန် (၂၇) ခေါက် ရွတ်မည် ဓိဋ္ဌာန်ပါက၎င်း
တထိုင်ထဲ နှင့် ရွတ်ဆိုပူဇော်ပါမည်ဟု့
အဓိဋ္ဌာန်ပြု့၍ ရွတ်ဆိုပူဇော်ကာ ..ရွတ်ဆိုပူဇော်
ပြီးပါက .... ၂၇ ခေါက် ရွတ်ဆိုပြီးပါပြီ
၁။ ဤ သစ္စာ စကား မှန်ကန်ပါက
၂။ ဤ မှန်ကန်သောသစ္စာစကားကြောင့်
၃။ ဤမှန်ကန်သော သစ္စာ စကား ၏ တန်ခိုးတေဇော် အာနု့ဘော်ကြောင့် ၎င်း ရွတ်ဖတ်ခဲ့သော
ဂါထာ မန္တန် တေ်ာ များ ၏ တန်ခိုးတေဇော် အာနု
ဘော် တို့ကြောင့် ၎င်း ..... ဖြစ်လိုသော ဆုကို ဆု
တောင်းရပါမည် ။
✍️ ဓမ္မဒါနပြန်လည်ကူးယူဖော်ပြပါသည်🙏🙏🙏
အကျိုးများစေရန် ပူဇော်ပါ၏
ရဲရင့်
အမိမြေသစ္စာ

Comments
Post a Comment