Skip to main content

သမ္မာဒိဌိနှင့်မိစ္ဆာဒိဌိတို့၏ အားပြိုင်ပွဲ

 သမ္မာဒိဌိနှင့်မိစ္ဆာဒိဌိတို့၏ အားပြိုင်ပွဲ

========================

ဗုဒ္ဓက သစ္စာလေးပါးကို သိမြင်လို့ ဟောကြားခဲ့တယ်။

ဒုက္ခ ဆင်းရဲတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသွားတဲ့လမ်း

မဂ္ဂသစ္စာကို ဟောကြားခဲ့တယ်။


ဗုဒ္ဓရဲ့ ဓမ္မတွေကို မပျောက်မပျက်အောင်အပိုအလို မရှိအောင်

သံဃာတော်တွေက အာဂုံဆောင်ပြီး တည်တံ့အောင် ထိန်း သိမ်းခဲ့တယ်။


အဲ့ဒီ ဓမ္မတွေကိုပဲ ဝေနေယျသတ္တဝါတွေ အကျိုးအတွက်

ကိုးတိုင်း ကိုးဌာနလှည့်လည်ပြီး ပျံ့ပွားဘို့ဖြန့်ဖြူးခဲ့တယ်။


ဒါကြောင့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေက 

သံဃာတော်တွေကို ရတနာတစ်ပါးအနေနဲ့ သတ်မှတ်ပြီး

ယုံကြည်ကိုးကွယ်ခဲ့ကြတယ်။


သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့စေရန်ရည်ရွယ်ပြီး ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းခဲ့ကြတယ်။


သို့သော်လည်း ဒီနေ့ဒီအချိန်မှာတော့

အဲ့ဒီလို လှူဒါန်းထောက်ပံ့နေတာနဲ့ ပတ်သက်ပြီး


သံဃာတော်တွေဟာ ဗုဒ္ဓကိုဘန်းပြပြီး အလှူခံစားနေတယ်။

(တင်ပြပါ ပန်းချီကားသည် အဆိုပါ သဘောကို

ပြသည့် ပန်းချီကားဟု အဓိပ္ပါယ် ကောက်ယူကြသည်)


အဲ့ဒီ အယူအဆရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဒီနေ့ဒီအချိန်

မှာ သံဃာတော်တွေကို ရတနာအဖြစ်သတ်မှတ်ခြင်း မပြု

တော့ပဲ သတ်ဖြတ်တဲ့ အမှုကို ပြုလာကြတယ်။


ဟုတ်ပြီ ထားတော့


မိဘသည် ကျေးဇူးတရားကြီးမားတယ်။ဘာကြောင့်ကြီး

မားသလဲဆိုတော့ -

၁။ အာပါဒကာ = ဘေးရန်မကျအောင် စောင့်ရှောက်ခြင်း၊

၂။ ပေါဒကာ = ကျွေးမွေးခြင်း၊

၃။ ဣမဿ လောကဿ ဒဿတာရော = လောကကြီးကို

ပြတယ်၊လောကကြီးထဲကို လာခွင့်ပေးတာကြောင့် လို့

ပါချုပ်ဆရာတော်ဘုရားကြီးက ဟောကြားထားတယ်။


အဲ့ဒါကြောင့် မိမိကိုမွေးထားတဲ့ မိဘသည် အကျင့်စာရိတ္တ

ကောင်းသည်ဖြစ်စေ/မကောင်းသည်ဖြစ်စေ မသတ်ရဘူး။

သားသမီးက မိဘကို သတ်ခဲ့ရင် မာတုဃာတက ပိတုဃာ

တကံ ထိုက်တယ်လို့ ဆိုတယ်။


သို့သော်လည်း


" သားသမီးတွေအပေါ် မိဘဟာ ဘာကျေးဇူးတရားမှ

မရှိဘူး ၊ သူတို့ သွေးသားတောင့်တလို့ လူဖြစ်လာရတာ "


ဆိုတဲ့ အယူအဆတစ်ခုဟာ NLD အစိုးရလက်ထက်မှာ

ပေါ်ပေါက်လာခဲ့တယ်။


အဲ့ဒီ အယူအဆရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့

သားဖြစ်သူ PDF က အဖေဖြစ်သူကို ဒလန်လို့ စွပ်စွဲပြီး

သတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု မကြာခင်က ပေါ်ပေါက်ခဲ့တယ်။


ထားတော့

ဖော်ပြပါ အယူအဆများနဲ့ပတ်သက်ပြီး

သမ္မာဒိဌိအယူအဆရှိသူတွေက

သံဃာတော်ကို သတ်ခြင်းနဲ့ မိဘကို သတ်ခြင်းအမှုတွေ

သည် အကုသိုလ် ဂရုကံထဲမှာပါတယ်။


အကုသိုလ် ဂရုကံကို ကျူးလွန်သူဟာ

ကျူးလွန်ပြီး နောင်တမည်မျှရနေပါစေ


မည်သည့် ကုသိုလ်များကို ကျူးလွန်ပြီးသည့်၏ နောက်

ပြုလုပ်ခဲ့ပါစေ


ထိုကုသိုလ်များသည် ဒုတိယဘဝကို အကျိုးမပေးနိုင်ဘူး၊

ဒုတိယဘဝမှာ ငရဲဇာတိကျိန်းသေရမယ်လို့

ယုံကြည်ကြတယ်။


မိစ္ဆာ ဒိဌိအယူအဆရှိသူတွေကတော့


သမ္မာဒိဌိအယူအဆရှိသူတွေရဲ့ အယူအဆဟာ

နိဗ္ဗာန်နဲ့မြှောက်ပြီး ငရဲနဲ့ခြောက်တဲ့ အယူအဆလို့ 

ဝေဖန်ကြတယ်။


ပြောချင်တာက


ကျနော်တို့ခေတ်မှာ အယူအဆအားပြိုင်ပွဲတွေပေါ်လာပြီ။


မိစ္ဆာဒိဌိတို့ရဲ့ အယူအဆဟာ မှားကြောင်း


သမ္မာဒိဌိတို့ရဲ့ အယူအဆဟာ မှန်ကြောင်းကို

ဘယ်သူတွေက ဖြေရှင်းပေးဘို့ တာဝန်ရှိပါသလဲ?


တပ်မတော် မထောက်ခံသူတွေအထဲမှာ

ဖားအောက်ဆရာတော်ဘုရားကြီးနဲ့ ပါချုပ်ဆရာတော်

ဘုရားကြီးကို ယုံကြည်ကိုးကွယ်သူတွေရှိတယ်။


ဒါပေမဲ့

လက်ရှိအချိန်အထိ သံဃာတော်တွေနဲ့ မိဘကို မသတ်သင့်

ကြောင်း PDF တွေကို ပြောမဲ့ ဆုံးမမဲ့သူကိုတော့ မတွေ့

သေးဘူး။


ဒါကြောင့်

တပ်မတော်ထောက်ခံသူတွေထဲက မိစ္ဆာဒိဌိအယူအဆတွေ

ဟာ မှားယွင်းနေကြောင်း ဖြေရှင်းမဲ့သူ ဘယ်သူရှိလဲ?


ဘယ်သူတွေရဲ့ တာဝန်ပါလဲ?


ဟို လူက ဖြေရှင်း နိုး နိုး

ဒီ လူကဖြေရှင်း နိုး နိုး နဲ့ နိုး နိုး တွေများနေရင်ဖြင့်?


(ဆီမီးအိမ်)

3 -11- 2022



Comments

Popular posts from this blog

အမိမြေသစ္စာသတင်းစုံဂျာနယ် အတွဲ၁ အမှတ်၃ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါရန်။

 
 #ဒူးနာ..ခါးနာ ရောဂါသည်များ..သိမ်းထားပါရန်.... ဒူးနာ ခါးနာ ရောဂါသည်များ အတွက် ထာဝရမှတ်ယူထားသင့်တဲ့ အစွမ်းထက်တဲ့..သဘာဝ ဆေးနည်း (၈) မျိုး ~~~~~~~~~~~~ ဒူးနာ ခါးနာ၍  ဆေးခန်းပြသော်လည်း မသက်သာပဲ  ဆေးမတိုးဘဲ  ရှိနေသူတွေ သဘာ၀ ဆေးနည်းများကို အသုံးပြု ချင်သူတွေ တောင်းဆိုလာသူများ အတွက် ဒူးနာ ခါးနာ သဘာဝ ဆေးနည်း (၈) မျိုးကို စုစည်း၍ ပေါင်းစုပြီး  မျှဝေ ပေးလိုက်ပါတယ်။ ~~~~~~~ ဆေးနည်း (၁) ~~~~~~~ လေဖြတ် လေငန်း  လေးဘက်နာ  ခါးနာ ဒူးနာ ရောဂါများသည်များ ဖီးကြမ်း ငှက်ပျောသီး  အမှည့်ကို ဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့်  လုံအောင်လိပ်ကာ (၅) နာရီခန့် ပြုတ်၍ တစ်နေ့သုံးလုံးစီ  (၅) ရက်ဆက်တိုက် စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ  ခါးနာ ဒူးနာ နာတာရှည်ရောဂါများ  ပျောက်ကင်းပါသည်။ ပြုလုပ်ပုံလွယ်ကူ၍  အကုန်အကျ နည်းကာ အစွမ်းထက်  သက်စောင့်ဆေးအား မှီဝဲကြပါကုန် ။ #(ဝိစိတ္တရတနာမြေ) ~~~~~~~ ဆေးနည်း (၂) ~~~~~~~ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်း ဒူးနာရောဂါ၊  ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင်...

မိုးရွာရင် မိုးရေချိုးမယ်

မိုးရွာရင် မိုးရေချိုးမယ် =============== အိန္ဒိယက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်။ တရုတ်သံအမတ်ကြီးနဲ့တွေ့တယ်။ ဆာဆာကာဝါနဲ့တွေ့တယ်။ ဘကုန်းကနယ်ခြားစောင့်ညွှန်ချုပ်နဲ့တွေ့တယ်။ အဲ့ဒီတွေ့ဆုံခြင်းတွေရဲ့ လားရာဟာ ဘာပါလိမ့်? အဲ့ဒီလားရာဟာ " ၂၀၂၃ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မည်" ဆိုတဲ့ အန္တိမပန်းတိုင်ကို ရည်ညွန်းပါတယ်။ အိန္ဒိယနိုင်ငံဟာ နစက အစိုးရ တက်လာတဲ့အချိန်ကစပြီး နစကအစိုးရကို ထောက်ခံခဲ့တဲ့နိုင်ငံပါ။ အထူးသဖြင့် ၂၀၂၃ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဓိကအကူညီပေးနေပါတယ်။ တရုတ်သမ္မတ ရှီဟာ သမ္မတရာထူးကို တတိယအကြိမ်ရ ယူပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အကောင်းမြင်သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ် အခု သူ့ရဲ့ သဘောထားအောင်မြင်ရေးအတွက် ကနဦးခြေ လှမ်းအဖြစ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကို ဦးစား ပေးပြီးဆောင်ရွက်မယ်လို့ဆိုပါတယ်။ နယ်စပ်ဒေသလို့ပြောရင် KIA ၊UWSA၊MNDAA၊TNLA နဲ့ AA ကိုပြေးမြင်ကြမှာပါ။ လက်ရှိအနေအထားအရ AA ကအပစ်အခတ်ရပ်စဲရေး လုပ်ပြီလို့ဆိုပါတယ်၊ ဒါဆိုရင် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကို လုပ်နိုင်ပါပြီ။ UWSA ၊ MNDAA နဲ့ TNLA လည်းငြိမ်မယ်ဆိုရင် ရှမ်း မြောက်မ...