ကိုယ်ကျိုးစီးပွား
===========
အမေရိကန်ကို တရားမဝင်မလာဘို့ လာရင်ဥပဒေအရ
အရေးယူခံရမယ်လို့ ဂျိုးဘိုင်ဒင်က ပြောတယ်။
UK ကလည်း သူ့နိုင်ငံထဲခိုးဝင်လာသူတွေကို လက်မခံဘဲ
ရဝမ်ဒါနိုင်ငံကို ပို့ဆောင်ဖို့လုပ်နေတယ်။
US နဲ့ UK ဟာ သူ့နိုင်ငံထဲကို တရားမဝင် ဝင်မလာကြဖို့
ပြောနေသော်လည်း ၊ ဘင်တွေကို ကျွန်တော်တို့နိုင်ငံမှာ
လက်ခံဖို့အတွက် တပ်မတော်ကို တရားစွဲတာ၊ စီးပွားရေး ပိတ်ဆို့တာအစရှိတဲ့ နည်းလမ်း မျိုးစုံကိုသုံးပြီး ဖိအားပေး နေကြတယ်။
အလားတူပါဘဲ
တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်မှာ ဝီဂါလူမျိုးတွေကို
အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းတာတွေ၊ လိင်ပိုင်း
ဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ အတင်းအားဓမ္မ အလုပ်စေ
ခိုင်းတာတွေကို တွေ့ရှိရတယ်လို့ လူ့အခွင့်အရေးကောင်စီ
ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရတယ်။
ဒါပေမယ့် တရုတ်သံအမတ်က ဘင်တွေကို လက်ခံပေးဖို့
နစက အစိုးရကို နားချမယ်လို့ ဆိုနေပြန်တယ်။
ဒါပေမယ့် အံ့သြဖို့ကောင်းတာက
အမေရိကန်လို ၊ ဗြိတိန်လို ၊ တရုတ်လို ကမ္ဘာ့အင်အားကြီး
နိုင်ငံတွေက တရားမဝင်ခိုးဝင်လာသူတွေကို လက်မခံနိုင်
ပါဘူးလို့ အော်ကြီးဟစ်ကျယ် ငြင်းဆန်နေကြတဲ့အချိန်မှာ
NUG အစိုးရကတော့ ဘင်တွေကို နေရပ်ပြန်ခွင့်နဲ့ နိုင်ငံ
သားဖြစ်ခွင့် ဆောင်ရွက်ပေးမယ်လို့ ကမ္ဘာကို ကြေညာနေ
တယ်။
အမေရိကန်လို ဗြိတိန်လို လူ့အခွင့်အရေးသည် ပထမ၊
လူ့အခွင့်အရေးသည် ဒုတိယ၊လူ့အခွင့်အရေးသည် တတိယ လို့ ပြောဆိုနေတဲ့ နိုင်ငံတွေက လူမျိုးရေးခွဲခြားပြီး
ခိုးဝင်သူတွေကို လက်မခံရတဲ့ အကြောင်းအရင်းဟာ
ဘာကြောင့်ပါလဲ?
သူ့နိုင်ငံ ၊ သူ့လူမျိုးတွေရဲ့ အကျိုးစီးပွားအတွက် တစ်နည်း
အားဖြင့် အမျိုးသားအကျိုးစီးပွားအတွက် လက်မခံတာ
လို့ ယူဆမိပါတယ် ။
ဒါဆိုရင်
NUG အစိုးရကလက်ခံမယ်ပြောတာကရော?
မြန်မာနိုင်ငံ ၊ မြန်မာလူမျိုးတွေရဲ့ အကျိုးစီးပွားကိုပစ်ပယ်
ပြီး ပြည်ပရောက်နေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ မိသား
စုများရဲ့ " ကိုယ်ကျိုးစီးပွားအတွက် " ပြောတာလို့ သုံးသပ်
မိပါတယ်။
(ဆီမီးအိမ်)
8-1-2023
Comments
Post a Comment