ပါတီထောင်ဖို့ လွယ်သလား?
===================
အရင်ကတော့ ၁၅ ဦးရှိရင် ပါတီထောင်လို့ရတယ်။
ငွေရှိရင် ဆွေတော်တစ်သောင်း မျိုးတော်တစ်သောင်းကို
ပါတီဝင်အဖြစ်ဖွဲ့စည်းလို့ရတယ်။
ပါတီထောင်ရင် ဘာအခွင့်အရေးတွေရသလဲ?
အရင်ဆုံး ကိုယ့်ပါတီဝင်တွေက ဥက္ကဋ္ဌကြီးလို့ ခေါ်တဲ့အသံ
ကို ကြားရမယ်။
နိုင်ငံရေးကို နည်းနည်းပါးပါး နားလည်ပြီး လူ့အခွင့်အရေး
အကြောင်းတို့ ၊ တပ်မတော်မကောင်းကြောင်းတို့ကို ခပ်
စွာစွာပြောတတ်မယ်ဆိုရင် မီဒီယာတွေက ဗျူးပြီးလိုင်း
ပေါ် တင်တာခံရမယ်။
၆၂ တို့ ၇၄ တို့ ၈၈ တို့မှာပါဘူးပြီး ထောင်ကျဖူးတယ်ဆို
ရင်တော့ အဲ့ဒီ ဥက္ကဌနဲ့ အဲ့ဒီပါတီက ပေါက်သွားပြီ။
ပေါက်သွားရင် NCA ၊ UECအစည်းအဝေးတွေနဲ့ နိုင်ငံ
တော်အခမ်းအနားတွေကို တက်ခွင့်ရသွားပြီ။
ကံကောင်းလို့ ဦးသိန်းစိန်တို့၊DASSK တို့၊တပ်ချုပ်ကြီးတို့
နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရမယ်၊ အိုဘားမားတို့၊ဟီလာရီ
ကလင်တန်တို့နဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရမယ်ဆိုရင်တော့ အဲ့ဒီ
ဓာတ်ပုံကို မှန်ဘောင်သွင်းပြီး ဧည့်ခန်းမှာ ချိတ်ထားခွင့်
ရမယ်။
တပ်မတော်ကို ဆန့်ကျင်တဲ့ ပါတီဆိုရင် ၂၅%လျော့သင့်
ပြီ၊ကာလုံမလိုဘူးတို့ကို လေသံခပ်ကျယ်ကျယ်ပြောတာ
ကိုလုပ်တတ်ရင်ရပြီ။
တပ်မတော်ကို ထောက်ခံတဲ့ပါတီဆိုရင်တော့ ပူးတွဲကြေ
ညာချက်တွေမှာ သဘောတူကြောင်း လက်မှတ်ထိုးတတ်
ရင်ရပြီ။
ရွေးကောက်ပွဲလား ၊ မနိုင်တော့လဲဘာဖြစ်လဲ?
USDP ကနိုင်ရင် တပ်ပါတီဖြစ်လို့ ၊NLDကနိုင်ရင်ဗိုလ်ချုပ်
ကြောင့်လို့ ပြောလိုက်ရုံပဲ။
အခုတော့ ဒုက္ခရောက်ပြီ။
လူတစ်သိန်း ငွေသိန်းတစ်ထောင်ဆိုတော့ ပါတီကို
ပေါချောင်ကောင်းထောင်လို့ မရတော့ဘူး။
အဲ့ဒီတော့ ရွတ်နေကြစကားလုံးပဲ ရွတ်ကြတာပေါ့။
မဖြစ်နိုင်တဲ့ စည်ကမ်းချက်တွေထုတ်တယ်။ USDP အနိုင်
ရအောင်လုပ်ပေးတဲ့ ဥပဒေ ။ အဘတွေ သက်ဆိုးရှည်
အောင်လုပ်ပေးတဲ့ဥပဒေ။
ပါတီတွေ အားကောင်းမှ ဒီမိုကရေစီအားကောင်းမှာ။
ပါတီတွေ အားမကောင်းရင် ဒီမိုကရေစီအားမကောင်းဘူး
ဒါကြောင့် ဒီဥပဒေဟာ ဒီမိုကရေစီကို သင်းသတ်တဲ့ဥပဒေ
လို့ ပြောကြတာပေါ့။ ဗျူးကြတာပေါ့။
ပြောတာတွေ ဟုတ်သလားလို့ ဆန်းစစ်ကြည့်ရအောင်!
ပါတီထောင်တာ ဘာကြောင့် ထောင်တာလဲ?
လွှတ်တော်ထဲမှာ ပြည်သူတွေရဲ့ ကိုယ်စား ပြည်သူတွေရဲ့
အသံကို တင်ပြချင်လို့။ပြည်သူ့အကျိုးကို ဆောင်ရွက်ချင်
လို့။
အဲ့ဒီတော့ ပြည်သူတွေက A ပါတီကို သူတို့ရဲ့ကိုယ်စား
လွှတ်တော်ထဲမှာ ပြောဖို့ ရွေးပါတယ်။
B ပါတီကို ၊ C ပါတီကို ရွေးပါတယ်လို့ ပြောရမယ်။
ရွေးဖို့အတွက် ရွေးကောက်ပွဲကို UEC ကလုပ်ပေးရမယ်။
အခု ရွေးကောက်ပွဲက FPTP စနစ်မဟုတ်ဘူး။
PR စနစ်။
PR စနစ်မှာ ကိုယ်စားလှယ်တစ်ဦးဖြစ်ဖို့ အခြေခံမဲသတ်
မှတ်ချက်လိုတယ်။
(လိုတဲ့ မဲရဖို့ တွက်နည်းကို ပုံ ၁နဲ့ ပုံ ၂ မှာပြထားတယ်)
ပုံ ၁နဲ့ ၂ အရ ဆိုရင် ပြည်ထောင်စုနယ်မြေမှာ ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ဖို့ မဲ အရေအတွက်
၁၀၀၀၀၁ ရဖို့လိုတယ်။
တစ်နည်းအားဖြင့် ကိုယ့်ကို ထောက်ခံမဲပေးမဲ့ ပြည်သူ
၁၀၀၀၀၁ ယောက်လိုတယ်။
အဲ့ဒီ ၁၀၀၀၀၁ ယောက်မရရင် ကိုယ်စားလှယ်ဖြစ်ဖို့
မသေချာတော့ဘူး ။
ကြွင်းကျန်မဲကို ပဲ မျှော်ရတော့မယ်။
ပြောချင်တာက
ပွညျူသူ့လှှတျတောျ ပြည်ထောင်စုနယ်မြေမှာ ကိုယ့်ကို
ထောက်ခံမဲပေးတဲ့ သူ ၁၀၀၀၀၁ ရှိအောင် ပြည်သူတွေ
ကို ကိုယ့်က ဒါမှ မဟုတ် ကိုယ့်ပါတီက စည်းရုံးနိုင်ရမယ်။
အဲ့ဒီလိုမှ မစည်းရုံးနိုင်ရင် ကိုယ်စားလှယ်မဖြစ်တော့ဘူး။
ပြောချင်တာက
အခု UEC က ထုတ်ပြန်တဲ့ ဥပဒေက တစ်နိုင်ငံလုံးဆိုရင်
ပါတီဝင် တစ်သိန်းပဲရှိရမယ်လို့ ပြောထားတာ။
ပါတီထောင်ဖို့ ပါတီဝင် ၁၀၀၀၀၀ တောင် ရအောင် စည်း
ရုံးခြင်း မပြုနိုင်ရင် မဲဆန္ဒတစ်နယ်မြေမှာ ထောက်ခံမဲ
၁၀၀၀၀၁ ဘယ်လိုလုပ်ရနိုင်ပါ့မလဲ?
ဟုတ်ပြီလား?
ပါတီရန်ပုံငွေ သိန်းတစ်ထောင်ရအောင် ဘယ်လိုလုပ်ရမလဲ
ဟုတ်လား?
ပါတီဝင် တစ်ဦးကို ပါတီရန်ပုံငွေ ၁၀၀၀ိ/- ကောက်လိုက်
ဟုတ်လား?
၁၆၅ ရုံးခန်းဖွင့်နိုင်ရမယ်ဆိုတာကရော?
ရုံးခန်း ၁၆၅ ရုံးခန်းတောင် ရအောင်မလုပ်နိုင်တဲ့ ပါတီကို
ဘယ်ပြည်သူတွေ အားကိုးမှာလဲ?
နိုင်ငံတော်က ရင်ဆိုင်တွေ့ကြုံနေရတဲ့ ပြဿနာတွေကို
အဲ့ဒီပါတီက ဘယ်လိုဖြေရှင်းနိုင်မှာလဲ?
ပါတီမထောင်နဲ့ ဇာတ်ပွဲပဲ ထောင်လိုက်တော့။
အော် ပြောရအုံးမယ်
USDP က ပါတီဝင်တွေက ဒီပြဿနာကို မဖြေရှင်းလို့
မနေနိုင်လို့ ကြားထဲက ဝင်ရေးလိုက်တာ။
တစ်မျိုးမထင်နဲ့နော်
ကျွန်တော်က ဘယ်ပါတီဝင်မှ မဟုတ်ဘူး ။
(ဆီမီးအိမ်)
28-1-2023


Comments
Post a Comment