Skip to main content

 Jan 1

Mdy 


အမျိုးသမီးနှစ်ဦးအပါအဝင် မန္တလေး MYF PDF နှင့် ဝက်လက် PDF ၁၆ ဦးအား ဖမ်းမိ


နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ် ဖောက်ခွဲရန်စီစဥ်နေသည့် မန္တလေး MYF PDF (Mandalay Young Force) နှင့် ဝက်လက် PDF အဖွဲ့တို့မှ အမျိုးသမီးနှစ်ဦးအပါအဝင် PDF ၁၆ ဦးကို ဖမ်းမိသည်ဟု SAC က ထုတ်ပြန်သည်။


ဖြစ်စဥ်မှာ ပြည်သူများသတင်းပေးပို့မှုအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ကျော်မင်းခန့်၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်း၌ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အာရှဘဏ်လမ်းနှင့် သံလမ်းဆုံအနီးတွင် ယမင်းကိုအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၃ × ၆၂ လမ်းဆုံအနီးတွင် ဝက်လက် PDF အဖွဲ့ဝင်များဖြစ်သော အောင်ထက်ကျော် (ခ)တိုက်ဂါးနှင့် ရဲသူစံတို့ကို ဖမ်းမိခဲ့သည်။


အလားတူ ဖမ်းမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်း၌ လက်လုပ်မိုင်းများထည့်ထားသော သင်္ကန်းခြင်း ၁ ခြင်းအား စစ်ကိုင်းတိုင်းဒေသကြီးဘက်မှတစ်ဆင့် ချမ်းအေးသာဇံမြို့နယ်၊ ၂၉ x ၉၀ လမ်းထောင့်ရှိ မလွန်ကျောင်းတိုက်သို့ ပို့ဆောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါကျောင်းတိုက်သို့ သွားရောက်ရှာဖွေခဲ့ရာ ကျောင်းထိုင်ဆရာတော် ဥုးအိန္ဒြာစက္က(ခ)အေးကိုအား သင်္ကန်းခြင်းအတွင်း၌ ထည့်ထားသော PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ ၆ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ထို့အပြင် ဖမ်းဆီးရမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး နှင့် ကျော်မင်းခန့် တို့၏ ထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်၌ MYF အဖွဲ့ဝင်များဖြစ်သည့် ထက်အောင်လင်း၊ လင်းလင်း(ခ)ဖက်တီး၊ မိုးမြင့်သူ၊ နေသူရိန်(ခ)အောင်ပြည့်ဖြိုး၊ လှိုင်မျိုးဝင်း၊ ရန်ပိုင်ထွန်း (ခ)စော်ဘွား၊ အံ့ဖုန်းခန့်နှင့် အာကာဖြိုး(ခ)စောအာကာတို့အား တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ဖမ်းဆီးစဉ် တရားခံ လှိုင်မျိုးဝင်းနှင့် အာကာဖြိုး(ခ)စောအာကာတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့်လက်နက်ကို လုယူထွက်ပြေးရန် ကြိုးပမ်းသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ လှိုင်မျိုးဝင်းအား ဘယ်ပေါင်ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့်လည်းကောင်း၊ အာကာဖြိုး (ခ)စောအာကာ အား ဝဲရင်ဘတ်ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။


အလားတူ ဖမ်းဆီးရမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါးနှင့် ကျော်မင်းခန့်တို့၏ ထွက်ဆိုချက်များအရ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ APP ဖုန်းပြုပြင်ရေးဆိုင်၌ သာထက်ခန့်အား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၌ မျိုးသူအောင်အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံ ကျား ၁၄ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁၁ လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ MYF နှင့် ဝက်လက် PDF အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ စည်ပင်သာရပ်ကွက်၊ ၂၂ x ၈၇ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ၈၀ x ၉ လမ်းထောင့်ရှိ အမှတ်(၄)ရဲစခန်းတို့အားလည်းကောင်း၊ အမရပူရမြို့နယ်ရှိ ကပ်ကျော်ဘုရားနှင့် တောင်သမန်အင်းတို့အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ “ရတနာပုံ”တိရစ္ဆာန်ဥယျာဉ်နှင့် ကျုံးပတ်လည်ရှိ လူစည်ကားရာနေရာများအားလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ Ocean Center နှင့် နှစ်သစ်ကူးကာလ ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် ချမ်းအေးသာဇံမြို့နယ်၊ “မန္တလာသီရိ” ဘောလုံးကွင်းတို့အားလည်းကောင်း ဖောက်ခွဲရန်ကြံရွယ်စဥ် ဖမ်းမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေ 

ကြောင်း သိရသည်။



Comments

Popular posts from this blog

အမိမြေသစ္စာသတင်းစုံဂျာနယ် အတွဲ၁ အမှတ်၃ကို အပြည့်အစုံ ဖတ်ရှုနိုင်ပါရန်။

 
 #ဒူးနာ..ခါးနာ ရောဂါသည်များ..သိမ်းထားပါရန်.... ဒူးနာ ခါးနာ ရောဂါသည်များ အတွက် ထာဝရမှတ်ယူထားသင့်တဲ့ အစွမ်းထက်တဲ့..သဘာဝ ဆေးနည်း (၈) မျိုး ~~~~~~~~~~~~ ဒူးနာ ခါးနာ၍  ဆေးခန်းပြသော်လည်း မသက်သာပဲ  ဆေးမတိုးဘဲ  ရှိနေသူတွေ သဘာ၀ ဆေးနည်းများကို အသုံးပြု ချင်သူတွေ တောင်းဆိုလာသူများ အတွက် ဒူးနာ ခါးနာ သဘာဝ ဆေးနည်း (၈) မျိုးကို စုစည်း၍ ပေါင်းစုပြီး  မျှဝေ ပေးလိုက်ပါတယ်။ ~~~~~~~ ဆေးနည်း (၁) ~~~~~~~ လေဖြတ် လေငန်း  လေးဘက်နာ  ခါးနာ ဒူးနာ ရောဂါများသည်များ ဖီးကြမ်း ငှက်ပျောသီး  အမှည့်ကို ဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့်  လုံအောင်လိပ်ကာ (၅) နာရီခန့် ပြုတ်၍ တစ်နေ့သုံးလုံးစီ  (၅) ရက်ဆက်တိုက် စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ  ခါးနာ ဒူးနာ နာတာရှည်ရောဂါများ  ပျောက်ကင်းပါသည်။ ပြုလုပ်ပုံလွယ်ကူ၍  အကုန်အကျ နည်းကာ အစွမ်းထက်  သက်စောင့်ဆေးအား မှီဝဲကြပါကုန် ။ #(ဝိစိတ္တရတနာမြေ) ~~~~~~~ ဆေးနည်း (၂) ~~~~~~~ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်း ဒူးနာရောဂါ၊  ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင်...

မိုးရွာရင် မိုးရေချိုးမယ်

မိုးရွာရင် မိုးရေချိုးမယ် =============== အိန္ဒိယက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်။ တရုတ်သံအမတ်ကြီးနဲ့တွေ့တယ်။ ဆာဆာကာဝါနဲ့တွေ့တယ်။ ဘကုန်းကနယ်ခြားစောင့်ညွှန်ချုပ်နဲ့တွေ့တယ်။ အဲ့ဒီတွေ့ဆုံခြင်းတွေရဲ့ လားရာဟာ ဘာပါလိမ့်? အဲ့ဒီလားရာဟာ " ၂၀၂၃ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မည်" ဆိုတဲ့ အန္တိမပန်းတိုင်ကို ရည်ညွန်းပါတယ်။ အိန္ဒိယနိုင်ငံဟာ နစက အစိုးရ တက်လာတဲ့အချိန်ကစပြီး နစကအစိုးရကို ထောက်ခံခဲ့တဲ့နိုင်ငံပါ။ အထူးသဖြင့် ၂၀၂၃ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဓိကအကူညီပေးနေပါတယ်။ တရုတ်သမ္မတ ရှီဟာ သမ္မတရာထူးကို တတိယအကြိမ်ရ ယူပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ့ရဲ့ အကောင်းမြင်သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ် အခု သူ့ရဲ့ သဘောထားအောင်မြင်ရေးအတွက် ကနဦးခြေ လှမ်းအဖြစ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးကို ဦးစား ပေးပြီးဆောင်ရွက်မယ်လို့ဆိုပါတယ်။ နယ်စပ်ဒေသလို့ပြောရင် KIA ၊UWSA၊MNDAA၊TNLA နဲ့ AA ကိုပြေးမြင်ကြမှာပါ။ လက်ရှိအနေအထားအရ AA ကအပစ်အခတ်ရပ်စဲရေး လုပ်ပြီလို့ဆိုပါတယ်၊ ဒါဆိုရင် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကို လုပ်နိုင်ပါပြီ။ UWSA ၊ MNDAA နဲ့ TNLA လည်းငြိမ်မယ်ဆိုရင် ရှမ်း မြောက်မ...